|
News
Mini Form Factor လေးနဲ့ စွမ်းဆောင်ရည်ကြီးကြီးမားမားပေးမယ့် mATX ROG Rampage II GENE မားသားဘုတ်
ကမ္ဘာမှာ မားသားဘုတ်တွေ အများဆုံးထုတ်လုပ်နေတဲ့ ASUS မှ mATX အရွယ် ဂိမ်းနဲ့ Enthusiast ဘုတ်အမျိုးအစားတွေကို တောင်းဆိုမှုများလာတာကြောင့် တုန့်ပြန်တဲ့အနေနဲ့ X58 အခြေပြု ROG (Republic of Gamers) Rampage II GENE မားသားဘုတ်ကို ဒီနေ့ပဲ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့စံချိန်တွေ ချိုးပြခဲ့တဲ့ Rampage II မားသားဘုတ်အမျိုးအစားတွေကနေ ဆင်းသက်လာတဲ့ Rampage II GENE မှာ Memory ကိုအဆင့်မြှင့်ရာမှာ စိတ်ပူစရာမလိုတဲ့ MemOK!, System ရဲ့စွမ်းဆောင်ရည်ကို အလွယ်တကူ မြှင့်တင်နိုင်တဲ့ CPU Level Up, အပြင်ဘက်ကအတိုင်း အသံတွေကို ပတ်လည်ပြေးစနစ်နဲ့ခံစားနိုင်မယ့် onboard SupremeFX X-Fi စတဲ့ တကယ်အသုံးဝင်မယ့် Feature တွေပါရှိလာပါတယ်။ |

အရွယ်ငယ်ငယ်၊ စွမ်းအားကြီးကြီး
ASUS မှနေ၍ နာမည်ကောင်းရထားပြီးသားသူ့ရဲ့ ROG ထုတ်ကုန်လိုင်းထဲမှာ လိုနေတဲ့ mATX ကွက်လပ် နေရာမှာ Rampage II GENE နဲ့ဖြည့်ဆည်းပေးလိုက်ပါပြီ။ ATX Desktop ပီစီတစ်ခုရဲ့ အရွယ်နဲ့အလေးချိန် ထက် အနည်းငယ်သေးတဲ့ Chassis ထဲမှာ ထည့်ထားလို့ရတဲ့ ဒီမားသားဘုတ်ဟာ သုံးစွဲသူတွေကို Core™ i7 ပရိုဆက်ဆာမှာရှိသမျှ ပါဝါတွေကို ဦးဆုံးအသုံးချနိုင်စေမှာဖြစ်ပါတယ်။ Overclock လုပ်နိုင်ခြင်း၊ အသေးစိတ်ချိန်ညှိနိုင်ခြင်း၊ တည်ငြိမ်မှုရှိခြင်း စတာတွေပေါင်းစပ်ထားတဲ့ Rampage II GENE ဟာ တစ်ခြား ဆိုက်အပြည့် ATX မားသားဘုတ်တွေထက် စွမ်းအားသာလွန်သွားစေပါတယ်။
ဘယ် Memory မဆိုအိုကေစေရမယ့် MemOK!
သုံးစွဲသူတွေ Memory ကိုအဆင့်မြှင့်တဲ့အခါ စိတ်မပူရစေဖို့ MemOK! ကိုတီထွင်ထားတာဖြစ်ပါတယ်။ RAM အသစ်ထည့်လိုက်တဲ့နောက် Boot တက်မလာခဲ့ဘူးဆိုရင် မားသားဘုတ်ပေါ်မှာ အလွယ်တကူမြင်နိုင်တဲ့ Button လေးကိုနှိပ်လိုက်ရုံနဲ့ MemOK! ကနေ System ကိုအောင်မြင်စွာ Boot တက်နိုင်ဖို့လိုအပ်မယ့် အန္တရာယ်ကင်းတဲ့ Setting တွေကို အလိုလို Load လုပ်ပေးမှာဖြစ်ပါတယ်။ မတည်ငြိမ်တဲ့၊ မကောင်းတော့တဲ့ Memory တွေ သုံးမိရင်တောင်မှ MemOK! က Memory နဲ့ပတ်သက်သမျှ ပြဿနာတွေကို အမြန်ဆုံးသိရှိပြီး ဖြေရှင်းပေးမှာဖြစ်ပါတယ်။
ဂိမ်းထဲမှာ အသံခံစားမှုတွေ အထွတ်အထိပ်ရဖို့ SupremeFX X-Fi
Onboard SupremeFX X-Fi အသံစနစ်က ကြည်လင်ပြတ်သားတဲ့အသံတွေနဲ့ ဂိမ်းထဲမှ အသံအထူးပြုလုပ် ချက်တွေကို အပြင်ကနေ ပကတိအတိုင်း ခံစားနိုင်စေမှာဖြစ်ပါတယ်။ ဂိမ်းမာတွေအတွက် EAX sound effect တွေကို Support လုပ်တဲ့ဂိမ်းတွေထဲမှာ EAX 1.0 မှ EAXHD 4.0 အထိ အသံအထူးပြုလုပ်ချက်တွေရဲ့ အနှစ်သာရကို ခံစားနိုင်မှာဖြစ်ပါတယ်။ X-Fi CMSS3D ရဲ့ တည်နေရာပေါ်မူတည်ပြီး အသံအတိုးအကျယ် ပြောင်းလဲပေးပုံက ဂိမ်းမာတွေအတွက် ဂိမ်းထဲမှာအကျိုးရှိစေသလို Crystalizer ကလဲ အသံရဲ့အရည်အသွေး ကို သိသိသာသာ တိုးတက်လာစေပါတယ်။
Specifications
| Model |
Rampage II GENE |
| CPU |
LGA1366 socket for Intel® Core™ i7 |
| Chipset |
Intel® X58/ICH10R |
| System Bus |
Up to 6.4 GT/s with QuickPath Interconnection |
| Memory |
6 x DIMM, Triple Channel, up to 24GB |
DDR3 2000(O.C.)/1800(O.C.)/1600(O.C)/1333/1066 MHz |
| Expansion slot |
2 x PCIe2.0 x16 slot, supports dual x16 |
1 x PCIe2.0 x4 |
1 x PCI 2.2 |
| Multi-GPU |
Support NVIDIA SLI™ / ATI CrossFireX™ |
| Storage |
7 x SATA 3.0 Gb/s |
| |
1 x eSATA 3.0 Gb/s |
| |
1 x UltraDMA 133, support RAID 0, 1, 0+1, 5, and JBOD |
| LAN |
Gigabit LAN |
| Audio |
Onboard SupremeFX X-Fi 8-Ch. Audio with EAX4.0 support |
| Other I/O ports |
1*PS/2, 1*eSATA, 1*IEEE1394a, 1*Clr CMOS, 1*Optical S/PDIF |
| USB / IEEE1394a |
12 x USB2.0 (6+6) / 2 x 1394a ports (1 at back I/O, 1 onboard) |
| Fan connector |
5 (1 x CPU / 2 x Chassis / 2 x Optional) |
| Software (Full version) |
Kaspersky anti-virus, Futuremark® 3DMark™06 Advanced Edition |
| Features |
MemOK!, CPU Level Up, Keyboard-TweakIt, Extreme Tweaker, iROG, Loadline Calibration, LCD Poster, EPU-6 Engine, Q-Fan plus, Voltiminder LED |
| Form Factor |
mATX Form Factor, 9.6”x 9.6” (24.4cm x 24.4cm)
|
|
|