1
1
1
1
1
 

News

ဂရပ်ဖစ်စွမ်းရည် အကောင်းဆုံးရဖို့ ASUS EAH4870X2 စီးရီးမှာ GPU နှစ်ခုတွဲနဲ့ အလွန်များပြားတဲ့ 2G memory တို့ တပ်ဆင်ပေးထားပါတယ်။

တိုင်ပေ၊ ထိုင်ဝမ်၊ သြဂုတ် ၁၂၊ ၂၀၀၈

စွမ်းဆောင်ရည်မြင့်ပြီး ပြိုင်ဘက်ကင်းတဲ့ အမြန်နှုန်းနဲ့ ဂရပ်ဖစ်ကဒ်တွေဟာ ဂိမ်မာတွေရဲ့စိတ်ထဲမှာ အမြဲ တောင်းတနေတဲ့ အရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အရည်အသွေးမြင့် ဂရပ်ဖစ်ကဒ်တွေ ထုတ်လုပ်နေတဲ့ ASUS မှ AMD ရဲ့ နောက်ဆုံးပေါ် dual RV770XT GPU တွေပေါ်အခြေခံပြီး on-board memory 2G တပ်ဆင်တားတဲ့ ASUS EAH4870X2/HDTI/2G ကို စတင်မိတ်ဆက်လိုက်ပါပြီ။ ဒါ့အပြင် မကြာမီဖြန့်ချိတော့မယ့် ASUS EAH4870X2 TOP မှာ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်ရလာဒ်တွေနဲ့ ထိပ်တန်းဂိမ်းစွမ်းရည်တွေ ရရှိမှာဖြစ်ပါတယ်။ ASUS EAH4870X2 TOP/HTDI/2G နဲ့ EAH4870X2/HTDI/2G ဂရပ်ဖစ်ကဒ်နှစ်ခုစလုံးကို အပူတွေထိရောက်စွာ ဖယ်ရှားနိုင်ဖို့ အထူးဒီဇိုင်း လုပ်ထားတဲ့ Fansink တွေ မကြာမီ တပ်ဆင်ပေးဖို့ စီစဉ်ထားပါတယ်။

ASUS မှ မကြုံစဖူး ကျောက်စိုင်ကျောက်သားလိုမာကြောတဲ့ အရည်အသွေး

ASUS မှ "Rock Solid" အရည်အသွေးဟာ အဓိကဆိုတဲ့ ခံယူချက်နဲ့အညီ EAH4870X2 စီးရီးကို ထိပ်တန်း ဂရပ်ဖစ်အရည်အသွေးရအောင် ဖြည့်စွက်ချက်တွေနဲ့ ပုံစံနောက်တစ်မျိုးကို ထပ်ထုတ်ဦးမှာဖြစ်ပါတယ်။ ဒီလို အဆင့်မြှင့်ထားတဲ့ ဂရပ်ဖစ်ကဒ်တွေမှာ GPU နှစ်ခုစလုံးက အပူတွေကို ထိရောက်စွာဖယ်ရှားနိုင်ဖို့ အထူးဒီဇိုင်း လုပ်ထားတဲ့ Fansink တွေ သုံးထားတဲ့အတွက် Fansink တစ်ခုပဲသုံးထားတဲ့ Reference ဒီဇိုင်းကဒ်တွေထက် စွမ်းဆောင်ရည်ပိုင်း ပိုမိုတည်ငြိမ်မှုရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို EMI Interference တွေကို ၆၆% ပိုမို လျော့ချပေးနိုင်တဲ့ EMI Shield တပ်ဆင်ပေးထားတဲ့အတွက် ပိုမိုတည်ငြိမ်တဲ့ Signal တွေရရှိနိုင်မှာဖြစ်ပြီး DIP Spring Choke တွေကိ သာမန် Toroidal Coil Choke တွေထက် အပူချိန် 5~10C ပိုမိုလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ LF PAK MOS က ပါဝါသုံးစွဲမှုပိုမိုထိရောက်ရေးနဲ့ အပူထုတ်ပိုလျော့နည်းစေရေးအတွက် တာဝန်ယူမှာဖြစ်တဲ့အပြင် ဂျပန်လုပ် Polymer Capacitor တွေက ပိုမိုတည်ငြိမ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို့ ပါဝါဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်တဲ့ ASUS GamerOSD

ASUS EAH4870X2 စီးရီးမှာ ASUS VGA ကဒ်တွေရဲ့ စွမ်းအားအစစ်အမှန်ကို ဖော်ထုတ်နိုင်မဲ့ ASUS GamerOSD ပါလာပါတယ်။ ဂိမ်းကစားနေချိန်မှာ Onscreen Display ကတဆင့် GPU ကို Overclock လုပ်နိုင် တဲ့ဒီ Feature လေးက သုံးစွဲသူတွေ လိုအပ်တဲ့အခါတိုင်း စွမ်းဆောင်ရည်ကို အလွယ်တကူ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားနေတဲ့ ပုံရိပ်တွေကို တိုက်ရိုက်မှတ်တမ်းတင်ထားနိုင်သလို အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်မှာဖြစ်ပါတယ်။

Splendid Video Intelligence နည်းပညာ

Splendid Video Intelligence နည်းပညာက ASUS ဂရပ်ဖစ်ကဒ်တွေက ထုတ်လွှတ်လိုက်တဲ့ ပုံရိပ်တွေ အရောင်အသွေး ပိုမိုစိုပြေအောင်၊ လူတွေရဲ့မျက်လုံးနဲ့ကြည့်ရှုရတာ အကောင်းဆုံးအနေအထားရောက်အောင် ချိန်ညှိပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပီစီပေါ်မှာ ရုပ်ရှင်တွေကြည့်ရတာ အကောင်းစားတီဗွီတွေက ကြည့်နေရ သလိုမျိုး ခံစားကြရမှာဖြစ်ပါတယ်။ Splendid ကို AMD ရဲ့ Avivo HD နည်းပညာနဲ့ပေါင်းပြီး ဗွီဒီယို Decoding ကို Hardware Acceleration အဆင့်မှာ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။

မကြုံစဖူးထိရောက်တဲ့ HD Gaming/Video

ASUS EAH4870X2 စီးရီးက ဂိမ်မာတွေအတွက် ဂရပ်ဖစ်အပိုင်း "Supercomputing" ပါဝါတွေယူဆောင် ပေးမှာဖြစ်ပြီး Visual Computing မှာ စံနှုန်းအသစ်တွေ ချမှတ်ပေးပါလိမ့်မယ်။ TeraScale ဂရပ်ဖစ်အင်ဂျင်သစ်နဲ့ CrossFireX နည်းပညာတွေက ဂိမ်းခံစားမှုအတွေ့အကြုံသစ်တွေ ပေးမယ့်အပြင် HD ဂိမ်းဆိုတာကို ဒီထက်ပိုမြင့်တဲ့အဆင့်သစ်တစ်ခုသို့ ပို့ဆောင်ပေးပါလိမ့်မယ်။ ASUS EAH4870X2 စီးရီးကဒ် တွေနဲ့ Blur-ray ရုပ်ရှင်တွေကြည့်နိုင်တဲ့အပြင် တခြား HD content တွေကိုလဲ အကောင်းဆုံး အရည်အသွေးတွေနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်

Specifications

Model

EAH4870X2/HTDI/2G

Graphics Engine

Radeon HD 4870X2

Bus Standard

PCI Express 2.0

Video Memory

2GB DDR5

Engine Clock

750 MHz

Memory Clock

3.6GHz (900MHz DDR5)

Memory Interface

256-bit

DVI Max. Resolution

2560 * 1600

D-Sub Output

Yes x 1 (via DVI to D-Sub adaptor x 1 )

DVI Output

Yes x 2 (DVI-I)

HDTV Output(YPbPr)

Yes, via HDTV Out cable

HDCP compliant

Yes

HDMI Output

Yes, via DVI to HDMI adaptor

Adaptor/Cable Bundled

1 x DVI-to-D-Sub adapter
1 x HDTV-out cable
1 x DVI-to-HDMI adaptor
1 x Power Cable

Software Bundled

ASUS Utilities & Driver

Note

- Special Bundled - Leather CD Wallet
- Card size is 4.376 inches x 10.5 inches

 

 


 
 

Home | Products | Support | News | Links  | Contact Us