1
1
1
1
1
 

News

ASUS VANTO TA-M1 က အတွင်းကလေပူတွေ အပြင်ကိုအမြန်ဆုံးထွက်သွားအောင် လုပ်ဆောင်ပေးနိုင်ပြီး သုံးစွဲသူတွေ တပ်ဆင်ရလွယ်ကူစေမယ့် အပြင်အဆင်တွေကို ခေတ်ဆန်ကြော့မော့နေတဲ့ အပြင်ဘက် ပုံသဏ္ဍာန်နဲ့ တွဲဖက်ထားပါတယ်။

 

တိုင်ပေ၊ ထိုင်ဝမ်၊ စက်တင်ဘာ ၉၊ ၂၀၀၈

သုံးစွဲသူတွေဟာ လေ၀င်လေထွက်အထူးကောင်းမွန်ပြီး တပ်ဆင်ရလွယ်ကူရမယ့်အပြင် သားသားနားနား ဒီဇိုင်းထုတ်ထားတဲ့ Chassis တွေကို အမြဲရှာဖွေနေကြပါတယ်။ ဒါတွေကြောင့် ဂရိတ် Chassis တွေ ထုတ်လုပ်နေတဲ့ ASUS မှ VANTO TA-M1 Chassis ကို ဒီနေ့ပဲထုတ်လုပ်လိုက်ပါပြီ။ ဒီ Chassis မှာ တောင့် တင်းကြံ့ခိုင်ပြီး လှပသေသပ်တဲ့ အပြင်ဘက်ဒီဇိုင်းထဲမှာ လွယ်ကူစွာတပ်ဆင်နိုင်ဖို့ ၀က်အူမလိုတဲ့ အတွင်း ဘက်ဒီဇိုင်းကို ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် CPU၊ ဂရပ်ဖစ်ကဒ်စတဲ့ အဓိကအစိတ်အပိုင်းတွေက အပူတွေကို အမြန်ဆုံးဖယ်ရှားပေးနိုင်တဲ့ ခေတ်မီနည်းပညာသုံး လေ၀င်လေထွက်စနစ်ကို အသုံးပြုထား ပါတယ်။

အပူစွန့်ထုတ်မှု အကောင်းဆုံးရဖို့ လေ၀င်လေထွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားခြင်း

VENTO TA-M1 မှာ အကောင်းဆုံး လေစီးကြောင်းရဖို့နဲ့ အပူစွန့်ထုတ်မှု အထိရောက်ဆုံးဖြစ်အောင် LED မီးလုံးလေးပါတဲ့ ၁၂ စင်တီမီတာ ပန်ကာကြီးတွေကို ရှေ့ဘက်တွင် တစ်ခု၊ နောက်ဘက်တွင် တစ်ခုနဲ့ ဘေးဘက်တွင် နှစ်ခု တပ်ဆင်ပေးထားပါတယ်။ ဒီအပြင် ဘေးဘက်ကပန်ကာတွေကို သတ္တုပြားအရှင်ပေါ်မှာ တပ်ဆင်ထားတဲ့အတွက် အပူစွန့်ထုတ်ဖို့ ပိုမိုလိုအပ်လာရင် အကောင်းဆုံးစွန့်ထုတ်နိုင်တဲ့ အနေအထားမှာ အလွယ်တကူ ချိန်ညှိနိုင်ပါတယ်။ VENTO TA-M1 မှာ လေ၀င်လေထွက် အကောင်းဆုံးဖြစ်အောင် ရှေ့ဘက်၊ ဘေးဘက်နဲ့ ထိပ်ပိုင်းကာဗာတွေမှာ ပိုက်ကွန်ပုံစံဇကာကွက်လေးတွေ ဖော်ပေးထားတဲ့အတွက် လေစီးကြောင်းတွေ လျှင်မြန်စွာစီးဆင်းနိုင်ပြီး ODD အတွက် လေ၀င်လေထွက်ပိုကောင်းစေပါတယ်။ HDD တွေတပ်ဆင်တဲ့ စင်မှာလဲ လေထွက်ပေါက်တွေ ဖောက်ပေးထားတဲ့အတွက် လေ၀င်လေထွက် ပိုကောင်း စေပါတယ်။ ၃၈၀ မီလီမီတာ အထိရှိတဲ့ ဂရပ်ဖစ်ကဒ်တစ်ခုတည်း (သို့) ၂၈၀ မီလီမီတာ အထိရှိတဲ့ SLI/Crossfire ကဒ် စတဲ့ အဆင့်မြင့်ဂရပ်ဖစ်ကဒ်တွေ ၀င်ဆံ့အောင် နေရာလွတ်တွေပေးထားပါတယ်။ ဒါ့ကြောင့် VENTO TA-M1 က စွမ်းအားကြီးမားတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရတဲ့ ပလက်ဖောင်းတွေအတွက် စုပေါင်းစွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုတွေ တိုးလာစေပြီး လုပ်ငန်းတွေကို မရပ်မနားအကြာကြီး လုပ်ဆောင်နိုင်စေပါတယ်။

 

အလွယ်ကူဆုံးတပ်ဆင်နိုင်တဲ့ ပုံစံနဲ့ပြုလုပ်ထားခြင်း

သုံးစွဲသူတွေ လွယ်ကူအဆင်ပြေစေဖို့ အဓိကထားတည်ဆောက်ထားတဲ့ VENTO TA-M1 မှာ ODD နဲ့ PCI slot တွေကို အမြန်ဆုံးတပ်ဆင်နိုင်ဖို့ ၀က်အူမလိုတဲ့ပုံစံကို အသုံးပြုထားပါတယ်။ ဒီအပြင် ODD အဖုံးမှာ ဖုန်စစ်ပါဝင်ခြင်း၊ ရှေ့ဘက်ပန်ကာစင်မှာ ဖြုတ်တပ်နိုင်ခြင်းတို့ကြောင့် သန့်ရှင်းရေးလုပ်ဖို့နဲ့ ပြုပြင်ထိန်သိမ်းဖို့ လွယ်ကူစေပါတယ်။ Card Reader နဲ့ FDD(Floppy Disc Drive) တွေအတွက် သင့်တော်မယ့် ၃.၅လက်မအရွယ် ပုံစံကိုပြောင်းနိုင်တဲ့ ၅.၂၅ လက်မအရွယ် စင်တွေကလဲ တိုးချဲ့ဖို့အခွင့်အလမ်းတွေပေး ထားပါတယ်။

 

အလွန်လှပသိမ်မွေ့တဲ့ဒီဇိုင်း

အနက်ရောင်ကိုယ်ထည်၊ ငွေရောင်ဘောင်တို့နဲ့ VENTO TA-M1 က ဘယ်နေရာမဆို သူ့ရဲ့ လှပကြော့ရှင်း နေတဲ့ ပုံသဏ္ဍာန်က အထင်းသားပေါ်လွင်နေမှာဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ VENTO ဆိုတဲ့ စာသားကိုလဲ ဖောင်းကြွစာလုံးပုံစံနဲ့ Chassis ရဲ့ မျက်နှာစာနှစ်ဘက်စလုံးမှာ လှပသေသပ်စွာ ပြုလုပ်ထား သလို အရှေ့မျက်နှာစာဘက်က VENTO logo ကိုတော့ အထင်းသားပေါ်လွင်ထင်ရှားနေအောင် ပြုလုပ်ထား ပါတယ်။

 

Specifications

 

Chassis

ATX/Micro-ATX SGCC 0.6mm

Dimension w/bezel w/foot stand

190 x 433 x 455 mm

Drive bay

4 x External 5.25" Optical Drive Bays

1 x External 3.5" Floppy Disk Drive Bays (from 5.25”)

4 x Internal 3.5" Hard Disk Drive Bays

Front I/O Ports

USB2.0 x 2

Audio x 2

1394 x1 (Optional)

Expansion Slots

PCI x 7

Ventilation

Supports 1 x Front 120mm fan with LED light

Supports 1 x Rear 120mm fan

Supports 2 x Side 120mm fan with LED light

 

 

 


 
 

Home | Products | Support | News | Links  | Contact Us