|
ASUS ROAD SHOW 2009 (Q4) ကို Traders Hotel Ballroom II တွင် အောက်တိုဘာလ ၁၂ရက်နေ့ နေ့လည် (၁း၀၀)နာရီမှ (၄း၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် သတင်းနှင့် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။ ASUS ROAD SHOW 2009 (Q4) တွင် ASUS ၏ထုတ်ကုန်များဖြစ်သော Eee PC, Notebook, All-in-One PC, Motherboard, Graphics Card, DVD-Writer, LCD Monitor နှင့် New Products များကို ခင်းကျင်းပြသခဲ့ပါသည်။ အဆိုပါပွဲတွင် အခမ်းအနားမှူးအဖြစ် တင်မိုးလွင်မှ စီစဉ်ဆောင်ရွက်ပေးပြီး ပထမဦးစွာ Golden Power မှ GM ဦးထွန်းထွန်းအောင်မှ အဖွင့်အမှာစကား ပြောကြားပါတယ်။ ပြီးနောက် ASUS Head Office မှ Mr.Pakorn က ASUS Product များနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားသွားပါတယ်။ ASUS P7P55D စီးရီး အကြောင်းနှင့် ပတ်သက်ပြီး ASUS မှ Mr. Thanapun က ရှင်းလင်းပြောကြား သွားပါတယ်။ ပြီးနောက် ကြွရောက်လာသော ဧည့်သည်တော် များကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးပြီး Fun Game ပရိုဂရမ် ကို တင်ဆက်သွားပါတယ်။ ထို့နောက် Mr. Tanakorn မှ Notebook နဲ့ Eee PC တို့နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား သွားပါတယ်။ အဲ့ဒီနောက် Best Dealers Award ဆုများ ပေးအပ်ခြင်းနှင့် Lucky Draw အစီအစဉ်များ အပြီးမှာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ |